Local News

ဆောင်းကြက်သွန်နီများ ဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့်ဈေးနှုန်းဈေးကွက်

Last Updated:

ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကိုလည်း စိုက်ပျိုးလျက် ရှိပါသည်။ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၁၃၇) ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၅) ဧက ၊ မြစ်သားမြို့နယ်တွင် (၁၅၅၃၇) ဧက၊ စုစုပေါင်း (၂၈၁၈၉) ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁) ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း (၃၀) ကျော်ကုန်ကျကြောင်း ၊ ထွက်ရှိမှုအနေဖြင့် (၁) ဧက အထွက်နှုန်း (၃၀၀၀) ပိဿာကျော် ထွက်ရှိခဲ့ကြောင်း၊ ကြက်သွန်နီစျေးနှုန်းအနေဖြင့် တောဝယ်ဂျွန် (၁) ပိဿာလျှင် (၁၃၀၀/-) ကျပ်၊ လက်လီစျေးအနေဖြင့် ကြက်သွန်နီအကြီး (၁) ပိဿာလျှင် (၂၅၀၀/-) ကျပ်၊ အလတ် (၁) ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ အသေး (၁) ပိဿာလျှင် (၁၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါ အဝင် စုစုပေါင်းကုန်ကျစရိတ်နှုတ်ပြီး (၉၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News